သြဂုတ် ၂၅၊ The Nation Voice
ရန်ကုန်မြို့လယ်ခေါင်မှာ ရှစ်လေးလုံး အောင်းမေ့ဖွယ်ရာနေ့အဖြစ် ထီးသပိတ်အဖြစ်ပြုလုပ်ခဲ့တဲ့ လူငယ်အချို့ကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေထံက သိရပါတယ်။ စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးက သူ့ရဲ့ တယ်လီဂရမ်အကောင့်မှာ အဲဒီလူငယ်တွေဖမ်းစီးခံထားရတဲ့ ဖြစ်စဥ်အသေးစိတ်ကို ဖော်ပြထားပြီး ဖော်ပြထားတဲ့ ဓါတ်ပုံတွေမှာလည်း အဖမ်းခံရတဲ့ လူနှစ်ဦးထဲက တစ်ဦးကတော့ ပါးစပ်ထဲက သွေးထွက်တဲ့အထိ အရိုက်ခံထားရတာကိုလည်း မြင်တွေ့ရပါတယ်။
ဒါ့အပြင် ထီးသပိတ်ကိုပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ယခင်က ‘တိုင်းပြည်သေဒဏ်ကျနေလို့ ယနေ့ဘုရားပိတ်သည်’လို့ ရွှေတိဂုံဘုရား အနောက်ဖက်မုခ်မှာ စာတမ်းချိတ်ဆွဲခဲ့သူတွေဖြစ်တယ်လို့ ပြောဆိုထားသေးပြီး ရန်ကုန်မြို့အတွင်း နေ့စဉ်သပိတ်ပြုလုပ်နေတဲ့သူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ သပိတ်တော်လှန်ရေးအဖွဲ့တွေဘက်က တစ်စုံတရာ ထုတ်ပြန်လာတာမရှိသေးတဲ့အတွက် အဖမ်းခံရတဲ့လူငယ်တွေဟာ အမှန်တကယ် သပိတ်မှောက်လူတွေလားဆိုတာကိုတော့ The Nation Voice အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
