သြဂုတ် ၂၅၊ The Nation Voice
ARSA(အာဆာ)သူပုန်တွေနဲ့ လက်နက်ကိုင်ရာဇဝတ်ဂိုဏ်းတွေက ရိုဟင်ဂျာခေါင်းဆောင်တွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကစခန်းမှာနေထိုင်နေကြတဲ့ဒုက္ခသည်တွေက သူတို့မလုံခြုံဘူးလို့ ခံစားရမှုတွေမြင့်တက်နေတယ်လို့ ပြောပါတယ်။ အာဆာတပ်ဖွဲ့တွေက သူတာဝန်ယူထားတဲ့ အာရကန်ရိုဟင်ဂျာငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးအဖွဲ့အကြီးအကဲဖြစ်တဲ့ သူ့တာဝန်ကို ခြိမ်းခြောက်နေတယ်လို့ ရိုဟင်ဂျာခေါင်းဆောင်တွေထဲမှာပါတဲ့ မိုဟာမက် ဂျူဘားကပြောပါတယ်။

သူ့အဖွဲ့က ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာရှိတဲ့ သူ့အိမ်မိခင်ရွာနဲ့မြို့နယ်တွေကိုပြန်ဖို့ အကြံပေးနေတာပါ။အလုပ်မရပ်ရင် သူ့ကိုသတ်မယ်လို့ခြိမ်းခြောက်တယ်လို့လည်း ဂျူဘားကပြောပါတယ်။ အာဆာဟာ ရခိုင်ပြည်နယ်ကိုနေရပ်ပြန်ဖို့ ရိုဟင်ဂျာတွေကိုတိုက်တွန်းတဲ့ခေါင်းဆောင်တွေကို လုပ်ကြံနေတယ်လို့ ဂျူဘားက စွပ်စွဲပါတယ်။အာဆာဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို နိုင်ငံကဖိနှိပ်မှုတွေအပေါ်ခုခံကာကွယ်ဖို့ လုပ်နေတယ်လို့ပြောပေမဲ့ သူတို့က ဒုက္ခသည်တွေကိုတိုက်ခိုက်ရာမှာလည်း လက်နှေးမနေဘူးလို့ ဂျူဘားကပြောပါတယ်။

အာဆာဟာ ရခိုင်ပြည်နယ်က မြန်မာအစိုးရစစ်တပ်နဲ့ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ပူးပေါင်းတိုက်ခိုက်မှုတွေစတင်ခဲ့တဲ့ ရိုဟင်ဂျာသောင်းကျန်းသူတွေဖြစ်ပါတယ်။ အာဆာရဲ့တိုက်ခိုက်မှုကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးအမည်တပ်စစ်ဆင်ရေးတွေပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာ (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးခိုလှုံခဲ့ပါတယ်။
