ပုလောမြို့နယ်၊တပိုတံတားထိပ်ကို လမ်းကူယူရန်လာတဲ့ စကစတပ်သားတွေကိုဒေသခံပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်

ဩဂုတ် ၂၅၊The Nation Voice

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တပိုကျေးရွာက တပိုတံတားထိပ်ကို လမ်းကင်းယူရန်လာတဲ့ စကစတပ်စိတ်(၁)စိတ်ကို ဒေသခံပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူမနေ့ကတိုက်ခိုက်ခဲ့တယ်လို့ Ghost Rangers – Palaw UG ကထုတ်ပြန်ပါတယ်။ တပိုတံတားထိပ်ကိုလာတဲ့ စကစတပ်စိတ်ကို မနေ့ကနေ့လည်(၁)နာရီကျော်လောက်မှာ အရင်ဆုံးမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းဆွဲမှုအပြီးမှာ ဒေသခံပူးပေါင်းတပ်တွေက လက်နက်ငယ်တွေနဲ့လက်ဦးမှုရယူပစ်ခတ်ခဲ့ပြီးအနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျည်ကုန်သွားတာကြောင့် ဒေသခံပူးပေါင်းတပ်တွေဘက်က ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ သိရပါတယ်။ “အနီးကပ်ထိပ်တိုက်တွေ့ဆုံပြီး လက်ဦးမှုယူ နိုင်ခဲ့ပါတယ် စခ၂ကောင်လဲကျသွားတာ မြင်ခဲ့ပါတယ် လက်နက်ငယ်နဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ် ကျည်ကုန်လို့ ပြန်ဆုတ်ခဲ့ရပါတယ်”လို့ Ghost Rangers – Palaw UGက ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Ghost Rangers – Palaw UG က King Cobar Foce အဖွဲ့နဲ့အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *