ယင်းမာပင်၊ဝမ်ပေါင်လမ်းဆုံအနီးမှာ စကစတပ်တွေရဲ့သောင်းကြမ်းမှုတွေကြောင့် ဒေသခံပြည်သူ (၂၀၀၀)ကျော်ထွက်ပြေးတိမ်းရှောင်နေရ

ဩဂုတ် ၂၅၊The Nation Voice

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊အောင်ဇေယျမြို့သစ်၊အကျိုးကုန်းက စကစတပ်တွေဟာ ရွှေတောင်ဦးကုန်းကနေ ဝမ်ပေါင်လမ်းဆုံအထိနေရာအနှံ့ကင်းတွေချထားကာ စကစတပ်သားတွေရဲ့သောင်းကြမ်းမှုတွေကြောင့် ဒေသခံပြည်သူ(၂၀၀၀)ကျော်ဟာ နေအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း Revolution Youth Group ထံမှ သိရပါတယ်။

ဒီကနေ့ မနက်(၇)နာရီဝန်းကျင်လောက်ကစတင်ကာအကျိုးကုန်းက စကစတပ်သားတွေနဲ့ ရဲတပ်ရင်း (၂၈)က ရဲတွေအပါအဝင် ချင်းတွင်းတံတားကဖြတ်ကျော်လာတဲ့ သံချပ်ကာ ကား(၂)စီးတို့ဟာ ရွှေတောင်ဦးကုန်းကနေ ဝမ်ပေါင်လမ်းဆုံအထိ နေရာအနှံ့ကင်းတွေချထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကင်းချထားတဲ့ လမ်းတလျှောက်ကစကစတပ်သားတွေဟာအရက်သေ‌စာမူးယစ်သောက်စားပြီး ရမ်းကားအော်ဟစ်ဆဲဆို‌တာ၊သေနတ်တွေပစ်ဖောက်ခြောက်လှန့်မှုတွေပြုလုပ်နေတာကြောင့် လမ်းဘေးဝဲယာမှာနေထိုင်တဲ့ ဒေသခံပြည်သူ(၂၀၀၀)ကျော်လောက်ဟာ နေအိမ်တွေကိုစွန့်ခွာ၊ထွက်ပြေးတိမ်းပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *