သြဂုတ် ၂၅၊ The Nation Voice
ယူကရိန်းရထားဘူတာရုံတစ်ရုံကို ရုရှားက ဒုံးကျည်နဲ့ပစ်ခတ်တာကြောင့် လူ (၂၂)ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းကို ရုရှားကျူးကျော်မှု (၆) လတိတိပြည့်တဲ့ဗုဒ္ဓဟူးနေ့မှာ ယူကရိန်းကပြောပါတယ်။ နိုင်ငံအရှေ့ပိုင်း ချက်ပ်လိုင်းမြို့မှာ အခုတိုက်ခိုက်မှုကြောင့် အသက် (၁၁)နှစ်အရွယ်ကလေးငယ် တစ်ဦးအပါအဝင် လူ (၅)ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအလယ်မှာ ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီကကြေညာခဲ့ပြီး လူ (၅၀)လောက် ဒဏ်ရာရခဲ့တယ်လို့လည်းပြောပါတယ်။ ရုရှားဘက်ကတော့ တစုံတရာမှတ်ချက်မပြုသေးပါဘူး။ ဒါပေမဲ့ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ပြောဆိုမှုတွေကို ရုရှားဘက်က ထပ်ကာထပ်ကာငြင်းဆိုထားပါတယ်။

