ရန်ကြီးအောင်ကျေးရွာကနေ သံဖိုကျေးရွာအထိတက်လာတဲ့ စကစစစ်ကြောင်းကို CDF-KKG အဖွဲ့က လက်ဦးမှုရယူကာပစ်ခတ်တိုက်ခိုက်

ဩဂုတ် ၂၅၊ The Nation Voice

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာမှာတပ်စွဲထားတဲ့ စကစစစ်ကြောင်းဟာ ဩဂုတ်(၂၃)ရက်နေ့မှာ သံဖိုကျေးရွာဘက်ကိုတက်လာပြီး သံဖိုကျေးရွာဘက်မှာလုံခြုံရေးယူထားတဲ့ CDF-KKG ကင်းအဖွဲ့နဲ့ ထိပ်တိုက်တိုးမိရာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ CDF- KKG ကထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုအတွင်းမှာCDF-KKGကင်းအဖွဲ့က လက်ဦးမှုရယူကာပစ်ခတ်နိုင်ခဲ့ပြီး စကစအဖွဲ့ဝင်(၁)ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ကျဆုံးသူမှာ နှစ်ပွင့်ဗိုလ် ဖြစ်တယ်လို့ ဒေသခံတချို့နဲ့ တပ်နဲ့နီးစပ်သူတွေက ပြောပေမယ့် သီးခြား အတည်ပြုနိုင်ခြင်း မရှိဘူးလို့ CDF – KKG ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဩဂုတ်(၂၄)ရက်မှာတော့ ရန်ကြီးအောင်တပ်စခန်းကိုရဟတ်ယာဉ်နဲ့ စကစအဖွဲ့ဝင်(၁၅)ဦးခန့် ပိုဆောင်အင်အားဖြည့်သွင်းသွား တယ်လို့ သိရပါတယ်။ ဒီကနေ့ ဩဂုတ်(၂၅)ရက်နေ့မှာတော့ စကစအဖွဲ့ဝင်တွေက သံဖိုကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ ပြုလုပ်နေပါတယ်။

လက်ရှိအချိန်မှာ ‌သံဖိုကျေးရွာထဲက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတွေဆီကို ရွာလုံးကျွတ်နီးပါး ထွက်ပြေးရှောင်တိမ်းနေရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာတော့ စကစနဲ့ဒေသခံပူးပေါင်းတပ်တွေ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိနေပြီး ဒေသခံပြည်သူထောင်နဲ့ချီဟာလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *