ဩဂုတ် ၂၆၊ The Nation Voice
ရုရှားထိန်းချုပ်ထားတဲ့ဇာပိုရစ်ဇီယာနျူကလီးယားစက်ရုံဟာ ယူကရိန်းဓာတ်အားလိုင်းကနေ ကြာသပတေးနေ့မှာ အဆက်အသွယ်ပြတ်ခဲ့ပြီး ဥရောပတိုက်ဟာ ဓာတ်ရောင်ခြည်သင့်မှုကြုံရမယ့်ဘေးကနေ လက်မတင်လေးလွတ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီကပြောပါတယ်။
အရန်လျှပ်စစ်ဓာတ်အားပေးစနစ်အသက်ဝင်ခဲ့လို့ စက်ရုံ ဘေးကင်းကင်းနဲ့ပြန်လည်ပတ်နိုင်ခဲ့တယ်လို့လည်း သူကပြောပါတယ်။မြေပေါ်မှာသွယ်ထားတဲ့ဓာတ်အားလိုင်းတွေ မီးလောင်ခဲ့လို့ စက်ရုံကို ဓာတ်အားမရောက်တော့တာပါ။ ဥရောပမှာအကြီးဆုံး ဇာပိုရစ်ဇီယာစက်ရုံနားမှာ တိုက်ပွဲတွေဖြစ်နေလို့ စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာ အခုဖြစ်ရပ်ဖြစ်လာတာပါ။
ရုရှားလက်နက်ကြီးပစ်ခတ်မှုကြောင့် အခုဖြစ်ရပ်ဖြစ်ရတာလို့ ဇီလန်စကီက စွပ်စွဲပါတယ်။ ဒါပေမဲ့ ရုရှားခန့်ဒေသအုပ်ချုပ်ရေးမှူးကဝောာ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ဒေသမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး ဘေးကနေလွတ်ခဲ့တာလို့ တန်ပြန်စွပ်စွဲထားပါတယ်။
