ကျွန်းလှက ကုန်းစည်းရွာကို စစ်ကောင်စီတပ် ဒီမနက်မှာ မီးစရှို့နေ

ဩဂုတ် ၂၆၊ The Nation Voice

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်က၊ကုန်းစည်းရွာကို စစ်ကောင်စီတပ်က ဒီမနက်မှာ ထပ်မံမီးရှို့နေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။

ဒီနေ့ ဩဂုတ် ၂၆ရက် နံနက် ၇နာရီလောက်က မီးစရှို့နေတာ ဖြစ်ပြီးတော့ အိမ်ခြေဘယ်လောက် အရှို့ခံနေရတယ်ဆိုတဲ့ အခြေအနေကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။

ဩဂုတ် ၂၃ရက်ကဖြစ်ခဲ့တဲ့ ကျွန်းလှ – ကန့်ဘလူ အစပ် တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာခဲ့လို့ဩဂုတ် ၂၅ရက်ကစပြီးကုန်းစည်းရွာအပါအဝင်ကျွန်းလှနယ်ကကျေးရွာအချို့မှာ စစ်ကောင်စီတပ်ကစစ်အင်အားတွေပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီလိုပို့ဆောင်ရာမှာမြေပြင်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာသလိုရဟတ်ယာဉ်တွေနဲ့လည်းပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့လို့အရပ်သား တချို့သေဆုံးထိခိုက်တာရှိခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ အရင်ကလည်း ကုန်းစည်းရွာအပါအဝင် ကျွန်းလှမြို့နယ်ထဲက ရွာတွေကိုမီးရှို့တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *