ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဝန်ကြီးတာဝန်ရပ်ဆိုင်းလိုက်ပြီးနောက် ကာကွယ်ရေးဝန်ကြီးအဖြစ်ကပါနှုတ်ထွက်ဖို့ ပရာရွတ် ချန်အိုချာကို ဖိအားပေးနေ

ဩဂုတ် ၂၆၊ The Nation Voice

တာဝန်ကနေနှုတ်ထွက်ဖို့ တောင်းဆိုမှုတွေရှိနေပေမဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်ပြီးတာဝန်ထမ်းဆောင်မယ်လို့ ပရာယွတ် ချန်အိုချာက ကြာသပတေးနေ့မှာပြောပါတယ်။ ဗိုလ်ချုပ်ကြီး ပရာယွတ် ကြာသပတေးနေ့မှာ ရုံးမတက်ခဲ့ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်တွေဆီကနေ သိရကြောင်း ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

ဒါပေမဲ့ အွန်လိုင်းကနေ ကာကွယ်ရေးကောင်စီအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ ကြည်း၊ ရေ၊ လေ တပ်ချုပ်တွေနဲ့ အဆင့်မြင့်စစ်တပ်အရာရှိကြီးတွေတက်ရောက်ခဲ့ပါတယ်။အစည်းအဝေးပြုလုပ်တာဟာ သူ့ကို ရာထူးကနေနုတ်ထွက်ဖို့ ဖိအားပေးနေတာတွေကို လျော့ပါးအောင်ပြုလုပ်တာလို့ ရှုမြင်နေကြပါတယ်။

သူ့ကိုစိတ်မပူဖို့နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေမယ်လို့ ပရာယွတ်က အစည်းအဝေးတက်ရောက်သူတွေကိုပြောတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူ ကောင်ချိ တန်တရာဝါနစ်ခ်ျက ပြောပါတယ်။ စာရွက်စာတမ်းတွေလက်မှတ်ထိုးဖို့အတွက် အိမ်မှာသာ အလုပ်လုပ်လိုပြီး အရေးကြီးတဲ့ညှိနှိုင်းမှုတွေအတွက် ရုံးတက်မယ်လို့ ပရာယွတ်ရဲ့အကြံပေးအဖွဲ့ကပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ်ကနေ ရပ်စဲကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အမိန့်ချလိုက်ပါတယ်။

ထိုင်းဥပဒေအရ ဝန်ကြီးချုပ်ဟာ သက်တမ်းနှစ်ဆက် ၈ နှစ်သာ တာဝန်ထမ်းဆောင်နိုင်ပြီး ပရာယွတ်ဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနဏ္ဍစ်၊ ဩဂုတ်ကစပြီး ဝန်ကြီးချုပ်တာဝန်ယူထားတာပါ။ လက်ရှိမှာ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး ပရာဝတ် ဝမ်ဆူဝမ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ မြေပိုင်ဆိုင်မှုအရှုပ်အ‌ထွေးရှိတဲ့မြေကွက်တကွက်ကို လက်ခံထားလို့ ပညာရေးဒုတိယဝန်ကြီးကိုလည်း ထိုင်းတရားရုံးချုပ်က သောကြာနေ့မှာ ရာထူးက ရပ်ဆိုင်းခဲ့ပါတယ်။

Source – Bangkok Post Photo – Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *