မရမ်းကုန်းမြို့နယ် တရားရုံး လက်ပစ်မိုင်းနဲ့ ဖောက်ခွဲခံရ

သြဂုတ် ၂၆၊ The Nation Voice

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တရားရုံးကို ဒီနေ့ မွန်းတည့်ချိန်လောက်မှာ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Generation-Y Guerilla (GYG) အဖွဲ့က ထုတ်ပြန်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ အလိုကျဆောင်ရွက်နေတဲ့ မရမ်းကုန်းမြို့နယ် တရားရုံးကို လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်မှုရှိခဲ့တယ်လို့ GYG က ပြောပါတယ်။

” မရမ်းကုန်းမြို့နယ်တရားရုံးအား GYG အဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်ဗျ။ ရဲတွေ ဘေးမှာ ကပ်ခွဲရန် အခွင့်ရေးရခဲ့ပါသော်လည်း ပြည်သူများ ရှိနေသောကြောင့် အရပ်ဝတ် စစ်ကောင်စီဝင်နဲ့ ရဲများ အနီးနားတွင်သာ ဖောက်ခွဲနိုင်ခဲ့ပါတယ် ။ ရဲဘော်များအားလုံးလည်း အန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းအနေနဲ့ ရဲ (၂) ကောင်အထိခိုက် ရှိတယ်လို့ သိရပါတယ် “ဟု GYG အဖွဲ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရန်ကုန်မှာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့တွေက ကိုးမိုင် အိုးရှင်းဈေးဝယ်စင်တာ အနီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် မတရားအမိန့်တွေချမှတ်နေတဲ့ မတရားသူကြီးတွေနဲ့ ဌာနတွေကို တိုက်ခိုက်မယ်လို့အတိအလင်း သတိပေးထားပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *