Non CDM ဝန်ထမ်းတွေကို အရေးယူတော့မှာ ဖြစ်လို့ စက်တင်ဘာ ၄ရက် နောက်ဆုံးထား အပြီးတိုင် ထွက်သွားဖို့ ကြေညာ

ဩဂုတ် ၂၆၊ The Nation Voice

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တိုက်နယ် အမှတ်(၂) ထိန်းချုပ်နယ်မြေက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ စက်တင်ဘာ ၄ရက်နောက်ဆုံးထားပြီး ဒေသကနေ အပြီးတိုင် ထွက်သွားကြဖို့ အဲဒီနယ်မြေ ပအဖက ကြေညာပါတယ်။ မင်းတပ် ပအဖ အနေနဲ့ CDM ဝင်ရောက်ကြရေး (၄)ကြိမ်တိုင်တိုင် ထုတ်ပြန်ထားခဲ့ပြီး ဩဂုတ် ၂၀ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးယူ ဆောင်ရွက်မှုတွေ လုပ်တော့မယ်လို့ ဆိုပါတယ်။

ဩဂုတ်၁၅ရက် နောက်ဆုံးထားပြီး ပြည်သူ့ဝန်ထမ်းတွေ CDM ဝင်ရောက်ကြဖို့ မင်းတပ် ပအဖက အရင်က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒီလိုထုတ်ပြန်ထားတဲ့အပေါ် ဩဂုတ် ၂၀ရက်မှာ မြို့နယ် ပအဖ၊မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့နဲ့ MUSU အဖွဲ့တို့ အစည်းအဝေးပြုလုပ်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို အရေးယူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *