သြဂုတ် ၂၇၊ The Nation Voice
မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်းမှ တပ်သားသစ်လျှောက်ထားသူများတဲ့အတွက် တပ်သားသစ်လက်ခံသွားမယ်လို့ ဒီကနေ့ သြဂုတ် (၂၇) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတက်မတော်-အနောက်ပိုင်းတိုင်း လက်အောက်ခံတပ်ခွဲတွေဖြစ်တဲ့ တပ်ခွဲ(၁) မင်းဘူးစကုမြို့နယ်(@wpdfminbusagu)၊ တပ်ခွဲ(၂) ပဒါန်း/ငဖဲမြို့နယ်(@wpdfpadannngaphe)၊ တပ်ခွဲ(၃) ပွင့်ဖြူမြို့နယ်(@wPDFPwintPhyu12345)၊ တပ်ခွဲ(၄) စလင်းမြို့နယ်(@wpdfsalin1212)စတဲ့တပ်ခွဲတွေမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ဖော်ပြပါ တယ်လီဂရမ်အကောင့် ဒါမှမဟုတ် တပ်ဖွဲ့ပိုင်ပေ့ချ်မက်ဆက်ဂျာတွေကနေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
လျှောက်ထားလိုသူတွေနဲ့ပတ်သက်ပြီး စည်းကမ်းချက်အနေနဲ့ အချက် (၇)ချက်ထုတ်ပြန်ထားပြီး အဲဒီအချက်တွေထဲမှာ ကျန်းမာရေးကောင်းမွန်ပြီး အသက် (၁၈)နှစ်ကနေ (၃၅)နှစ်အတွင်းရှိသူ၊ ပင်ပန်းဆင်းရဲ ဒုက္ခခံနိုင်သူ၊ မိမိအသက်ကို စွန့်လွှတ်နိုင်သူ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းလာတဲ့အထိ တိုက်ပွဲဝင်ရန် စိတ်အားထက်သန်သူ၊ ကျွမ်းကျင်မှုအလိုက် သင့်လျော်တဲ့လက်နက်ကိုင်ဆောင်နိုင်သူနဲ့ တော်လှန်ရေးပြီးစီးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ဖော်ပြပါတယ်။
အထက်ပါ တပ်သားသစ်ခေါ်ယူတာနဲ့ပတ်သက်လို့ အချိန်ကာလသတ်မှတ်ဖော်ပြထားတာမတွေ့ရဘဲ အသေးစိပ်အချက်အလက်တွေကို တပ်ဖွဲ့ရဲ့ ပေ့ချ်မက်ဆင်ဂျာကနေ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
