ယင်းမာပင်၊စုန်းကျင်းကျေးရွာမှာ စကစတပ်တွေရဲ့သောင်းကြမ်းမှုတွေကြောင့် ဒေသခံပြည်သူတွေမိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရ

ဩဂုတ် ၂၇၊The Nation Voice

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ရွှေတောင်ဦးအကျိုးကုန်းမှ ဆင်းလာတဲ့ စကစတပ်တွေဟာ ဒီကနေ့ ဩဂုတ်၂၇မှာ စုန်းကျင်းကျေးရွာကိုရောက်ရှိလာပြီး စကစတပ်သားတွေရဲ့ သောင်းကြမ်းမှုတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေဟာ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ Revolution Youth Group ဆီက သိရပါတယ်။

အကျိုးကုန်းကနေ ဆင်းလာတဲ့စကစအုပ်စုဟာ ဒီကနေ့မနက်(၄)နာရီဝန်းကျင်လောက်မှာ စုန်းကျင်းကျေးရွာကိုရောက်ရှိလာတာဖြစ်ပြီး စုန်းကျင်းကျေးရွာက ပြည်သူတချို့ကိုဖမ်းစီးကာ ပြည်သူပိုင်ပစ္စည်းတွေကို မွှေနှောက်ရှာဖွေယူဆောင်နေကြတယ်လို့ သိရပါတယ်။

စကစတပ်သားတွေရဲ့ သောင်းကြမ်းမှုတွေကြောင့် စုန်းကျင်းကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတချို့ကဒေသခံ အရပ်သားပြည်သူတွေဟာ မိုးထဲရေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ ဒီကနေ့မနက်(၈)လောက်မှာလည်း မုံရွာ-ချင်းတွင်းတံတားဘက်က ဒိုင်နာတစ်စီးနဲ့ ဖောကားတစ်စီးပေါ်မှာ စကစတပ်သားတွေ တင်ဆောင်လာပြီး ရွှေတောင်ဦးအကျိုးကုန်းကို ထပ်မံရောက်ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *