ဩဂုတ် ၂၈၊ The Nation Voice
စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ချောင်းမရွာအနီးတိုက်ပွဲမှာ စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ တော်လှန်ရေးရဲဘော်(၃)ဦးအတွက် အကောင်းဆုံးလက်စားချေ တိုက်ခိုက်သွားမယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက ပြောပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်(၃)ဦးဟာ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စိတ်မှူး ကိုဇော်ဝင်းထွန်း (ခ) ငယ်လေး အသက် (၁၈) နှစ်၊ ကိုပြည့်ဖြိုးကျော် (ခ) ငဖြိုး အသက် (၂၇)နှစ်၊ကိုအာကာမိုး(ခ) ပြည့်စုံအောင် အသက်(၂၈)နှစ်တို့ဖြစ်ပြီး ဩဂုတ်(၂၆)ရက်နေ့ ချောင်းမရွာအနီးတိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
“26.8.2022ရက်နေ့ ချောင်းမရွာအနီးတွင် ကျဆုံး သွားသော ရဲဘော် သုံးဦးကို အလေးနီပြုပါတယ်။ ရဲဘော်သုံးဦးကို သက်သွားသော စစ်ခွေးများကို အကောင်းဆုံး လက်စားချေသွားဟု ကတိသစ္စာပြု ပါတယ်”လို့ KLG PDF ကပြောဆိုထားတာပါ။ KLG PDF တပ်မဟာအနေနဲ့ စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားခဲ့တဲ့ ရဲဘော်(၃)ဦးအတွက် အလွန်အမင်းလေးစားဂုဏ်ယူမိကြောင်းနဲ့ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း မှတ်တမ်းတင်အပ်ပါတယ်လို့ KLG PDF ရဲ့ ဝမ်းနည်းကြေကွဲကြောင်း မှတ်တမ်းလွှာမှာ ဖော်ပြထားပါတယ်။
KLG PDF အဖွဲ့ဟာ စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ အထိနာအောင် တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

