ဩဂုတ် ၂၈၊ The Nation Voice
ကရင်နီပြည်နယ်အတွင်းကို အရပ်သားအသွင်ယူပြီး သတင်းလာရောက် ထောက်လှမ်းတဲ့ စကစတပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၂က ဒီကနေ့သတင်းထုတ်ပြန်လာပါတယ်။ အဲ့ဒီ ဖမ်းဆီးရမိတဲ့ တပ်သားဟာ စကစ တပ်မ(၆၆)လက်အောက်ခံ ခလရ(၁)ရဲ့ တပ်သားတစ်ဦးဖြစ်ပြီး KNDF တပ်ရင်း(၂)တပ်ခွဲ(၂)နဲ့ 1008 တပ်ရင်း၊LKPDF တို့ပူးပေါင်းကာနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် မနေ့ကဩဂုတ်(၂၇)ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စကစတပ်သားကို ကောင်းကောင်းမွန်မွန် ဖမ်းဆီးမေးမြန်းရာ သူကိုယ်တိုင်က ပြစ်မှုရှိကြောင်း ဝန်ခံပြီး ပြစ်မှုထင်ရှားတာကြောင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ KSP ဆီ လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်နယ်ထဲမှာတော့ စကစနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိပြီး စကစဘက်ကလည်း ကရင်နီပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။
