မသမာသူတွေ အလွဲသုံးစားလုပ်နေတာရှိလို့ Cobra Column Facebook Page ကိုသာ တိုက်ရိုက် ဆက်သွယ်ကူညီကြဖို့ ထုတ်ပြန်

ဩဂုတ် ၂၈၊ The Nation Voice

အကြမ်းဖက် စစ်ကောင်စီနဲ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ကော်ဘရာ စစ်ကြောင်းကို ပြည်သူလူထုက ပံ့ပိုးကူညီပေးလျက်ရှိရာ မသမာသူတွေက ကော်ဘရာ စစ်ကြောင်းရဲ့ အမည်ကို အလွဲသုံးစားပြုလုပ် အလှူငွေကောက်ခံနေတာကို တွေ့ရှိရကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ကော်ဘရာစစ်ကြောင်းရဲ့ အမှတ်တံဆိပ်၊ အမည်နာမတွေအသုံးပြုပြီး မသမာသူလူတွေက အလှူငွေ ကောက်ခံတာ၊အကောင့်တုတွေဖွင့်ပြီး သတင်းမှားတွေ ဖြန့်ဝေတာ ပြုလုပ်နေတာကို တွေ့ရလို့ ပြည်သူတွေအနေနဲ့ Cobra Column Facebook Page က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကိုသာ ကြည့်ရှုပေးကြဖို့နဲ့ Page Messenger ကိုတိုက်ရိုက် ဆက်သွယ်ပံ့ပိုးပေးဖို့ ကော်ဘရာ စစ်ကြောင်းက မေတ္တာရပ်ခံခဲ့ပါတယ်။

မသမာသူတွေရဲ့ အကောင့်တွေ၊ Page တွေကနေ ထုတ်ပြန်တဲ့ သတင်းအမှားတွေ၊ငွေကြေးကိစ္စတွေဟာ ကော်ဘရာစစ်ကြောင်းနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ကော်ဘရာ စစ်ကြောင်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) နယ်မြေမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ KNU ဦးဆောင်တဲ့ စစ်ကြောင်းဖြစ်ပြီး မြ၀တီ -ဝေါ်လေလမ်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ၂လကျော်ကြာပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *