ဩဂုတ် ၂၈၊The Nation Voice
စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Naung Yoe LDF အဖွဲ့ဟာ အခုလတ်တလော ထုတ်လုပ်ဖြစ်ထားတဲ့ လက်လုပ်လက်နက်တွေကို ထုတ်ဖော်ပြသလာပါတယ်။ အဲ့သလို ထုတ်ဖော်ပြသလာခြင်းဟာလည်း ပြည်သူတွေအနေနဲ့ လှူဒန်းထားတဲ့ ငွေတွေဟာ အလကားမဖြစ်စေရဘူးဆိုတာကို ပြည်သူတွေသိရှိနိုင်စေဖို့ ချပြရနာဖြစ်တယ်လို့ သိရပါတယ်။ ထုတ်ဖော်ပြသလာတဲ့ လက်နက်တွေမှာတော့ 9mm ကျည်ထည့်ပစ်ရတဲ့ 9mm မောင်းပြန်(အော်တို)သေနတ်နဲ့ M40 ခေါ် လက်လုပ် ဗုံးသီးပစ်လောင်ချာတို့ ဖြစ်ပါတယ်။ အဲ့ဒီလိုလက်လုပ်လက်နက်တွေထုတ်လုပ်ရာမှာ Naung Yoe LDF အနေနဲ့အခက်အခဲတွေလည်းရှိနေတယ်လို့လည်း သိရပါတယ်။
” အဓိက အခက်ခဲကတော့ငွေပါဘဲ ထူးပြီးပြောနေစရာမလိုပါဘူး ငွေရှိရင်ဒီထင်နည်းပညာမြင့်တာတေ လည်းထုတ်ဖို့ကြိုးစားသွားမှာပါ”လို့ Naung Yoe LDF ရဲ့ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။ Naung Yoe LDF အဖွဲ့အနေနဲ့ မောင်းပြန်တွေကိုမဝယ်နိုင်တာကြောင့် လက်လုပ်လက်နက်တွေကို အကောင်းဆုံးကြိုးစားထုတ်နေတာလို့ သူကဆိုပါတယ်။
“ကျွန်တော်တို့မှာအလှူငွေသာတောင့်ရင်ဘေးအဖွဲအစည်းတွေကိုလည်း ကူညီဖြန့်ဝေဖို့ကြိုးစားသွားမှာပါ”လို့ သူက TNV ကို ပြောထားပါသေးတယ်။ အဲ့ဒီလက်လုပ်သေနတ်တွေဟာ တစ်လက်ကို မြန်မာငွေကျပ် (၅)သိန်းခန့်သာကုန်ကျမှာဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်းတွေသာ အသင့်ရှိမယ်ဆိုလျှင် သေနတ်(၁) လက်ကို အပြီးအစီး ထုတ်လုပ်ချိန်ဟာ(၁)ရက်သာ အချိန်ပေးရတာဖြစ်တယ်လို့ Naung Yoe LDF ဆီက သိရပါတယ်။

