နှစ်နိုင်ငံကြားအခွန်တိုးကောက်မှုရှောင်ကြဉ်ရေးနှင့် အခွန်ရှောင်ရှားမှုမဖြစ်စေရေးသဘောတူညီချက်ရဖို့ မြန်မာနဲ့ကမ္ဘောဒီးယား နီးစပ်နေ

သြဂုတ် ၃၀၊ The Nation Voice

နှစ်နိုင်ငံကြားကုန်သွယ်ရေးပမာဏနည်းပါးသေးလို့ ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်အောင်နဲ့ နှစ်နိုင်ငံစီးပွားရေးအားကောင်းလာအောင် နှစ်ဆအခွန်သဘောတူညီချက်(DTA)မူကြမ်းအတွက် နှစ်ဖက်လက်ခံဖို့ ကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံတို့နီးစပ်နေပါတယ်။ ကမ္ဘောဒီးယားစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ခံ အကောက်ခွန်အထွေထွေဌာနနဲ့ မြန်မာအာဏာသိမ်းစစ်တပ်လက်အောက်ခံပြည်တွင်းအခွန်ဦးစီးဌာနတို့ သြဂုတ် ၂၂ ရက်ကနေ ၂၅ ရက်အနေ ကမ္ဘောဒီးယားနိုင်ငံမြို့တော်ဖနွမ်းပင်မှာ DTA အရေးပထမဆုံးအကျော့ဆွေးနွေးမှုတွေအတွက်ညှိနှိုင်းဖို့ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ DTA မူကြမ်းမှာပါတဲ့စာပိုဒ်တွေအားလုံးကိုအသေးစိတ်ဆွေးနွေးခဲ့ကြပြီး အများစုကို သဘောတူခဲ့သလို တချို့ကိုတော့ နောက်ထပ်စေ့စပ်ညှိနှိုင်းမှုတွေလိုအပ်တဲ့အတွက် ချန်ထားခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတွေအပါအဝင် ရင်းနှီးမြှုပ်နှံသူတွေအတွက် DTA က အလွန်အရေးကြီးတယ်လို့ ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းဒုတိယဥက္ကဋ္ဌ လင်ဟန်းကပြောပါတယ်။ “သဘောတူညီချက်အရ အမြတ်ကို မိခင်နိုင်ငံပြန်ယူချင်တဲ့ရင်းနှီးမြှုပ်နှံသူတွေက အခွန် ၁၀ ရာခိုင်နှုန်းသာပေးရပါမယ်။ သဘောတူညီချက်မရှိရင်တော့ အခွန် ၁၄ ရာခိုင်နှုန်းဆောင်ရပါမယ်။

ဒီတော့ ကမ္ဘောဒီးယားက နိုင်ငံတွေများများနဲ့ DTA ရှိထားရင် ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီးဆွဲဆောင်ပါလိမ့်မယ်”လို့ သူကပြောပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ဟာ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သဘောတူညီချက်မူကြမ်း ၂ ခုကို မေ ၁၈ ရက်က ကမ္ဘောဒီးယားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံတကာစီးပွားရေးဆက်ဆံရေးဝန်ကြီးဌာနတို့ ဆွေးနွေးမှုတွေအရှိန်မြှင့်တင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါမဖြစ်မီ (၃(နှစ်မှာ မြန်မာ-ကမ္ဘောဒီးယား (၂)နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာသန်း (၂၀)ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ၂၈ သန်းကျော်ရှိခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်ကထက် အနည်းငယ်ပိုနည်းနေပါတယ်။

Source – The Phnom Penh Post Photo – The Phnom Penh Post

Leave a Reply

Your email address will not be published. Required fields are marked *