စစ်ကောင်စီထုတ်ကုန်တွေမသုံးစွဲဖို့ ပခုက္ကူ ပအဖ တားမြစ်၊မလိုက်နာရင် အရေးယူမယ်လို့ အသိပေး

ဩဂုတ် ၃၁၊ The Nation Voice

စစ်ကောင်စီ ထုတ်ကုန်တွေ သယ်ယူ ရောင်းချ၊ သုံးစွဲခြင်း လုံး၀မပြုလုပ်ဖို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။ ဒါ့အပြင် တားမြစ်ထားတဲ့ စစ်ကောင်စီ ထုတ်ကုန်နဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဆေးလိပ်၊ ဘီယာ၊ စားသုံးကုန်၊ လူသုံးကုန် ၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ စတာတွေနဲ့ ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း တွေကို အမည်စာရင်းနဲ့ တကွ ဖော်ပြခဲ့ပါတယ်။

တားမြစ်ထုတ်ကုန်/လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သယ်ယူ၊ရောင်းချ၊သုံးစွဲခြင်းတွေ ပြုလုပ်တာကို စိစစ်တွေ့ရှိရင် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တွေက စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သိမ်းဆည်းဖျက်ဆီးတာ၊ ပြင်းထန်စွာ အရေးယူတာ ပြုလုပ်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ice

w

Leave a Reply

Your email address will not be published. Required fields are marked *