သြဂုတ် ၃၁၊ The Nation Voice
ထိုင်ဝမ်ပိုင်ကျွန်းတွေအနားကိုကပ်ပြီးပျံသန်းနေတဲ့ အမျိုးအမည်မသိတဲ့ဒရုန်း(၃)စင်းကို ထိုင်ဝမ်က သတိပေးပစ်ခတ်ခဲ့ပါတယ်။ ဒရုန်းတွေကို ဘယ်သူတွေပျံသန်းနေသလဲဆိုတာမရှင်းလင်းသေးပေမဲ့ (၃)စင်းစလုံး တရုတ်ပြည်မကြီးဘက် ပျံသန်းသွားတာမြင်ရတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
ပြီးခဲ့တဲ့တပတ်က တရုတ်ပြည်မကြီးကမ်းရိုးတန်းအနီးမှာရှိတဲ့ ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ကျွန်းငယ်တွေနားမှာ တရုတ်ဒရုန်းတွေပျံသန်းမှုကြောင့် ထိုင်ဝမ်က ဖြေရှင်းချက်တောင်းခဲ့ပြီးနောက်ပိုင်း အခုဖြစ်ရပ်ဖြစ်လာတာပါ။ဒရုန်းတွေကို သတိပေးပစ်ခတ်တာ ပထမဆုံးအကြိမ်ပါ။ တရုတ်ပိုင်ရှာမန်းမြို့နဲ့ ကီလိုမီတာအနည်းငယ်အကွာမှာရှိတဲ့ ထိုင်ဝမ်ပိုင်ကင်မန်ကျွန်းကကျွန်းငယ်တွေနားမှာ ကြာသပတေးနေ့ညနေခင်းက အရပ်သားဒရုန်း (၃)စင်းတွေ့ခဲ့တယ်လို့ ကင်မန်ကာကွယ်ရေးကွပ်ကဲမှုဌာနကပြောပါတယ်။
သတိပေးမီးကျည်တွေပစ်ခတ်ခဲ့ပြီး နောက်ဆုံးမှာတော့ လှည့်ပြန်တော့မယ့်ဒရုန်းတစ်စီးကို ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တယ်လို့လည်းပြောပါတယ်။ဒရုန်းတွေက ရှာမန်းမြို့ကို ဦးတည်ပျံသန်းခဲ့ပါတယ်။ အရင်ဒရုန်းတွေရဲ့ထပ်ကာထပ်ကာနှောင့်ယှက်မှုကြောင့် ထိုင်ဝမ်ဘက်ကဖြေရှင်းချက်တောင်းပေမဲ့ တရုတ်ပြည်မကြီးဘက်က ငြင်းဆိုခဲ့ပေမဲ့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ချက်ချင်းတုံ့ပြန်မှုမရှိသေးပါဘူး။ အခုတပတ်အစောပိုင်းမှာ ကာကွယ်ရေးအသုံးစရိတ်စံချိန်တင်မြင့်တက်ဖို့ထုတ်ဖော်ပြသထားတဲ့ထိုင်ဝမ်ဟာ ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာသန်း (၁၉၀၀)ကျော်အသုံးပြုဖို့ အဆိုပြုထားပါတယ်။
