ရပ်ကွက်နေအိမ်တွေကို ဖျက်စီးဖို့လာတဲ့ ပျူနဲ့ လူမိုက်တွေကို ပြည်သူတွေ ပြန်ခုခံ၊ လူမိုက်ဆိုသူတွေ ထွက်ပြေး၊ ဘတ်ဟိုးမောင်းသူ နှစ်ဦးအဖမ်းခံရ

သြဂုတ် ၃၁၊ The Nation Voice

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်ဘက်က နေအိမ်တွေကို ဖျက်စီးဖို့လာတဲ့ ပျူစောထီးအမည်ခံ ရပ်ကွက်လူမိုက်တွေကို ပြည်သူတွေက ပြန်လည်ခုခံခဲ့တဲ့အတွက် လူမိုက်ဆိုသူတွေ ထွက်ပြေးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ သြဂုတ်လ (၃၀) ရက်၊ မွန်းလွဲပိုင်းမှာ ၁၃၁ လမ်း၊တောင်ဘက်၊ ၄၉လမ်း နဲ့ လမ်း ၅၀ ကြား ဇီးအုပ်ကွက်သစ်(ဋ) ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေကို ကံကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်လွင်နဲ့ ပျူစောထီးအမည်ခံ ရပ်ကွက်လူမိုက် အယောက် (၃၀) လောက်က ဘတ်ဟိုးကား နှစ်စီးနဲ့ နေအိမ်တွေကို ဖျက်ဖို့သွားရောက်ကြပါတယ်။

သူတို့ဟာနေအိမ်တွေကို ဖျက်စီးရုံမကဘဲ လူမိုက်တွေက ပြည်သူတွေကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ရပ်ကွက်နေပြည်သူတွေက မခံမရပ်နိုင်ဖြစ်ပြီး ပြန်လည်ခုခံခဲ့တဲ့တာကြောင့် လူမိုက်အုပ်စုကတော့ ထွက်ပြေးသွားခဲ့ပြီး ဘတ်ဟိုးမောင်းသူ နှစ်ဦးကိုတော့ ပြည်သူတွေက ဖမ်းထားလိုက်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ဆိုပါတယ်။

ဘတ်ဟိုးတွေကို ပြည်သူတွေက မီးရှို့ဖျက်စီးခဲ့ပြီး ဘတ်ဟိုးမောင်းသမား နှစ်ဦးကိုတော့ ကံကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လာရောက်ခေါ်ဆောင်သွားကာ ဒီနေ့မနက်မှာတော့ စစ်ကောင်စီရဲ့ ကားတွေက ကား (၆) စီးနဲ့ လှည့်လည်နေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *