စက်တင်ဘာ ၁၊ The Nation Voice
ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း၊ဆူရတ်သာနီခရိုင်ရှိ သာချနာမြို့မှာ ကီလိုမီတာ (၇၀)လောက် ကားနဲ့လိုက်ဖမ်းပြီးနောက် စပိဒ်စိတ်ကြွဆေး (၂)သန်းနဲ့ သယ်လာသူ (၃)ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကားက ပုံမှန်ထက်ကုန်တွေများပြီးတင်ထားတဲ့ပုံစံပေါက်နေတဲ့အတွက် အဝေးပြေးရဲတပ်ဖွဲ့က အဆင့်ဆင့်ချိတ်ဆက်အကြောင်းကြားပြီး စောင့်ကြည့်ခဲ့တဲ့နောက် ဖမ်းဆီးနိုင်ခဲ့တာပါ။
လမ်းမကျွမ်းကျင်ပုံရတဲ့ယာဉ်မောင်းက မြို့ထဲဝင်ဖို့ကြိုးစားခဲ့ပေမဲ့ သူ့ကို အဝေးပြေးလမ်းရဲတပ်ဖွဲ့က ကားနဲ့ဆက်တိုက်လိုက်ခဲ့ပြီး နောက်ဆုံးမှာ ပိတ်ဖမ်းနိုင်ခဲ့တာပါ။ ကားထဲမှာ အမျိုးသား (၂)ဦးနဲ့အမျိုးသမီး (၁)ဦးတို့ကို ရဲတွေတွေ့ခဲ့ပြီး သူတို့ဟာ အသက် ၁၇ နှစ်ကနေ ၂၃ နှစ်ကြားရှိသူတွေဖြစ်ပါတယ်။ ဒါ့အပြင် ကားထဲမှာ စပိဒ်စိတ်ကြွဆေးပြား ၂ သန်းကိုလည်း တွေ့ခဲ့ပြီး လူ ၃ ယောက်ကို သာချနာရဲစခန်းမှာ စစ်ဆေးမေးမြန်းနေပါတယ်။

