စက်တင်ဘာ ၁၊ The Nation Voice
မကွေးတိုင်း၊ဆောမြို့နယ် ဆောရဲစခန်းက ရဲတပ်သား ဉာဏ်မင်းဟာ မနေ့က ဩဂုတ် ၃၁ရက် နေ့မှာ CDM ပြုလုပ်ကာ The Youth Force (Saw၊ Kyaukhtu) အဖွဲ့ဆီ ခိုလှုံပြီး ပြည်သူ့ရင်ခွင် ဝင်ရောက်လာတယ်လို့ အဲ့ဒီအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ CDM ပြုလုပ်လာတဲ့ ရဲတပ်သားဟာ သူနဲ့အတူ G3 သေနတ် တစ်လက်၊ ဗုံးသီး (၄)လုံး၊ကျည်အတောင့် (၃၀၀)နဲ့ ကျည်ဘောက် (၂)ခု ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်သား ဉာဏ်မင်းကို The Youth Force (Saw၊ Kyaukhtu)က ဂုဏ်ပြုငွေ ကျပ်သိန်း(၇၀)ပေးအပ်ဂုဏ်ပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။ အရင်ကလည်း ဆောမြို့နယ်က ရဲ(၃)ဦးထက်မနည်း CDM ပြုလုပ်ခဲ့တာ ရှိတယ်လို့ ဆောဒေသခံတစ်ဦးက ပြောပါတယ်။ The Youth Force ဟာ အရင်က ယောဒေသကာကွယ်ရေးတပ်(YDF)က နေ ဆော PDF ကို ကူးပြောင်းလာတဲ့ တပ်ဖွဲ့ဖြစ်ပြီး The Youth Force အမည်နဲ့ ကျောက်ထုနယ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။


