စက်တင်ဘာ ၂၊ The Nation Voice
ကရင်နီပြည်၊ဒီမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ဘေးရှောင်ကလေးငယ်တွေကို ပညာတတ်အောင်သင်ကြားပေးနေတဲ့ ဆရာမနှစ်ဦးကို ကျေးလက်မြေအဖွဲ့က ဒီကနေ့မှာ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး စာသင်ကြားနေတဲ့ ကျောင်းသူ ၊ကျောင်းသားတွေကိုလည်း အာဟာရဒါနအဖြစ် မုန့်နဲ့ အအေးတိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ရှောင် စခန်းမှာ ကလေးငယ်တွေကိုစာတတ်အောင်သင်ကြားပေးနေသူတွေကို ကျေးလတ်မြေအဖွဲ့က သုံးလအတွင်း သုံးကြိမ်တိုင်ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အရေးတော်ပုံမပြီးမချင်း၊ပြည်သူ့အာဏာ ပြည်သူလူထုဆီ မရောက်မချင်း အခုလှုဒါန်းနေတဲ့စခန်းလေးကို သောက်သုံးရေနဲ့ ဂုဏ်ပြုချီးမြှင့်ငွေကို ကျေးလက်မြေအဖွဲ့က လစဉ်ကူညီ လှုဒါန်းထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။






