စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာတယ်လို့ KNU တပ်မဟာ(၅) ထုတ်ပြန်

စက်တင်ဘာ ၂၊ The Nation Voice

အကြမ်းဖက် စစ်ကောင်စီတပ်က တပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ခမရ (၅၉၃)တပ်က တပ်သား သန့်ဇင်အောင်ဟာ လက်နက်တစ်လက်၊ကျည်အတောင့်(၁၇၀)နဲ့ လက်ပစ်ဗုံးတစ်လုံး ယူဆောင်ကာ အလင်းဝင်လာတာ ဖြစ်ပြီး သူ့ကို ကျပ် သိန်း (၂၀)ဆုငွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့တပ်တွင်းမှာ အရာရှိတွေက လက်အောက်ငယ်သားတွေအပေါ် ဖိနှိပ်ချုပ်ချယ်တာတွေလုပ်ဆောင်လို့ တပ်သား သန့်ဇင်အောင်အနေနဲ့ အခုလို ထွက်ပြေးလာတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့သွားဖို့ ရှိတယ်လို့ ပြောဆိုခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *