စက်တင်ဘာ ၂၊ The Nation Voice
စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ People’s Knight Defense Force Myinmu-(PKDF -MMU) ဟာ ဒီကနေ့ စက်တင်ဘာလ (၂)ရက်နေ့မှာ PKDF ဒရုန်းတပ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါပြီ။ စကစကိုတိုက်ထုတ်ရာမှာ စစ်ရေးအရှိန်ပိုမိုမြင့်တင်လုပ်ဆောင်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ရေးအတွက်ဖွဲ့စည်းလိုက်တာလို့ PKDF-MMU ကထုတ်ပြန်ပါတယ်။
အဲ့ဒီလို ဒရုန်းတပ်ဖွဲ့ကိုဖွဲ့စည်းရာမှာလည်း ပါဝင်ကူညီပေးခဲ့တဲ့ ပြည်သူလူထုကို အထူးကျေးဇူးတင်ကြောင်းအဲ့ဒီအဖွဲ့ကဆိုပါတယ်။ စစ်အာဏာရှင်စနစ်ကိုအမြစ်ပြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်သည်အထိ အသက်ကို ပဓာနမထားဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း PKDF-MMU အဖွဲ့ကပြောပါတယ်။ #thenationvoicemyanmar #PDF #PKDF_MMU #မြင်းမူ #စစ်ကိုင်း

