တစ်ကမ္ဘာလုံးက အသုံးပြုနေတဲ့ Youtube အစားထိုး Mtube ပလက်ဖောင်းကို မကြာခင် အစားထိုးအသုံးပြုမယ်လို့ စစ်ကောင်စီ ကြုံးဝါး

စက်တင်ဘာ ၂၊ The Nation Voice Youtube

နေရာ အစားထိုးမယ့် Mtube ကို စမ်းသပ်အသုံးပြုနေပြီလို့ စစ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ တစ်ကမ္ဘာလုံးအသုံးပြုနေပြီး သူ့နေရာမှာ အစားထိုးလို့မရနိုင်တဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Youtube နေရာမှာ ပြည်တွင်းက မြန်မာနိုင်ငံသားပညာရှင်တွေ ရေးဆွဲထားတဲ့ Mtube ကို စမ်းသပ်အသုံးပြုနေပြီလို့ စစ်ကောင်စီက ဒီနေ့မှာကြေညာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြန်မာပြည်သူတွေအများဆုံးအသုံးပြုတဲ့ Facebook နေရာမှာ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတစ်ခုကို ပြောင်းလဲအစားထိုးဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီးတဲ့နောက် ဒီနေ့မှာ တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ အက်ပလီကေးရှင်းကို အံတုပြီး Mtube ဆိုတာကို အသုံးပြုတော့မယ်လို့ချပြလာတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်နေ့ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုမယ်ဆိုတာမသိရသေးဘဲ စတင်အသုံးပြုနိုင်မယ့်အချိန်ကာလကို ထပ်ကြေညာမယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက အင်တာနက်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးက ဆန့်ကျင်တာခံနေရပြီး သူတို့တင်သမျှ၊ သူတို့နဲ့ပတ်သက်သူမှန်သမျှရဲ့ အက်ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုဒ်တွေ၊ လူမှုကွန်ယက်အကောင့်တွေကို ပိတ်ချခံနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *