နယ်မြေစိုးမိုးရေးလုပ်ငန်းတွေအတွက် ရပ်ကျေး(ပကဖ) ဖွဲ့စည်းရေးနဲ့ လက်နက်တပ်ဆင်နိုင်ရေး အလေးပေးလုပ်ဆောင်နေတယ်လို့ ရေစကြို(ပကဖ)ပြော

စက်တင်ဘာ ၂၊ The Nation Voice

ဒေသတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းတွေအတွက် ရပ်ကျေး(ပကဖ) ဖွဲ့စည်းရေးနဲ့ လက်နက်တပ်ဆင်နိုင်ရေး အလေးပေးလုပ်ဆောင်နေတယ်လို့ ရေစကြို(ပကဖ)က ဒီကနေ့ စက်တင်ဘာ (၂) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နယ်မြေလုံခြုံရေးနဲ့ ပြည်သူလူထုလုံခြုံရေးအတွက် ခါးချိုး Shoot-Gum တွေကို ကိုယ်တိုင်ထုတ်လုပ်ပြီး ရပ်ကျေး ပ.က.ဖ တွေကို တပ်ဆင်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

” နယ်မြေစိုးမိုးရေးလုပ်တဲ့နေရာမှာ ရပ်ကျေး ပ.က.ဖ တွေ ဖွဲ့စည်းပြီး လက်နက်တပ်ဆင်နိုင်ရေးဟာ အရေးကြီးတဲ့အချက်ပါပဲ။ ဒါပေမယ့် ကျနော်တို့ မောင်းပြန်တွေတော့ တပ်မပေးနိုင်ပါဘူး။ ကျနော်တို့ကိုယ်တိုင်တောင်မှ NUG က မတပ်ဆင်ပေးနိုင်သေးတဲ့အ​ခြေအနေမှာ လက်လုပ် Shoot-Gum တွေကိုပဲ အားပြုနေရပါတယ် ” လို့ ရေစကြို(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ပြည်သူလူထုလှူဒါန်းငွေတွေနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ စနစ်တကျ အရှိန်မြင့်လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူများ ဆက်လက်ပါဝင်လှူဒါန်းပေးကြဖို့ ရေစကြို(ပကဖ)က မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။ #thenationvoicemyanmar #ရေစကြို #နယ်မြေစိုးမိုးရေး #လက်နက်တပ်ဆင်နိုင်ရေး #ရပ်ကျေးပကဖ

Leave a Reply

Your email address will not be published. Required fields are marked *