စက်တင်ဘာ၂၊ The Nation Voice
ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့နယ် နွားခြံကုန်းအုပ်စု၊ဇီးပင်လှ ရွာရဲ့ အုပ်ကြီးဆိုသူ သောင်းစိန်(ခ)စိန်ခေါ်သံ ဆိုသူကိုမနေ့ကသုတ်သင်ခဲ့တယ်လို့ Paungde People Defense Force-PPDF ကထုတ်ပြန်ပါတယ်။
သောင်းစိန်ဟာရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့အပြင် လောင်းကစား၀ိုင်းတွေလုပ်တာ၊ပြည်သူတွေကို PDF နဲ့မပတ်သတ်ဖို့ခြိမ်းခြောက်နေတဲ့စစ်ကောင်စီ အမာခံဒေါက်တိုင်ဖြစ်တာကြောင့်မနေ့က ညနေမှာသေနတ်နဲ့၃ချက်ပစ်ပြီးသုတ်သင်ခဲ့တာလို့ PPDF ဆိုပါတယ်။
“သောင်းစိန်က အရင်က PDF မပတ်သတ်ဖို့လည်း ရွာထဲမှာမိုက်နဲ့အော်တယ်၊အုပ်ကြီးပေါ့၊မနေ့ကညနေ မှတ္တိုင်ရဲစခန်းကိုလောင်းကစားဝိုင်း ဆပ်ကြေးပေးပြီးအပြန် ကုန်းသာနဲ့ဇီးပင်လှကြားက ဆည်ဘောင်မှာရှင်းလိုက်တာ”လို့ PPDF ရဲ့တာ၀န်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။
အဲ့ဒီစစ်ဆင်ရေးကိုတော့ PPDF တပ်ရင်း (၃၆၀၁) (တပ်ခွဲ၃) (တပ်စိတ်၇) က ရဲဘော်တွေ လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။
