ဖူးကတ်မှာ မိုးကြီးပြီးနောက် ရေကြီးရေလျှံနေ

စက်တင်ဘာ ၂၊ The Nation Voice

ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံ၊ဖူးကတ်ခရိုင်၊ သန်လန်မြို့မှာ နာရီပိုင်းမိုးကြီးခဲ့ပြီးနောက် ဖူးကတ်လေဆိပ်အပါအဝင် နေရာအများအပြားမှာ အကြီးအကျယ်ရေကြီးမှုတွေဖြစ်နေပါတယ်။ သောကြာနေ့မနက်အစောပိုင်းကစပြီး ရေတွေစဝင်လာတယ်လို့ ဖူးကတ်ခရိုင်သဘာဝဘေးကာကွယ်ရေးနှင့်သက်သာလျော့ပါးစေရေးအကြီးအကဲ အူဒုံဖွန် ကာကပြောပါတယ်။ ဆက်စကိုမိုင်ဓာတ်ဆီဆိုင်၊ မုံသန်လန်ကျောင်းနဲ့ ဖူးကတ်နိုင်ငံတကာလေဆိပ်တို့မှာ ရေကြီးမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောတယ်လို့လည်း သူကပြောပါတယ်။ အဆိုးဆုံးနေရာတွေမှာ ရေက ခါးလောက်အထိရှိနေပြီး ကားအများအပြားရေထဲရောက်နေသလို တချို့ကားတွေဆိုရင် ကားခေါင်မိုးအထိရေမြုပ်နေတာတွေ့ရပါတယ်။ ရေကြီးနေတာကိုစုပ်ထုတ်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ အူဒုံဖွန်ကပြောပါတယ်။ တချို့နေရာတွေမှာရေပြန်ကျနေပြီလို့လည်း သူကပြောပါတယ်။ ဖူးကတ်အုပ်ချုပ်ရေးမှူး နာရောင် ဝန်ချူးက အရာရှိတွေနဲ့ ဒေသခေါင်းဆောင်တွေကိုဦးဆောင်ပြီး မိုးဆက်ရွာနေတဲ့မနက်ပိုင်းမှာ ရေမြုပ်နေတဲ့ဒေသတွေကိုသွားရောက်စစ်ဆေးခဲ့ပါတယ်။

Source – Bangkok Post Photo – Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *