မြင်းမူနယ်အတွင်းကပျူတွေကို PDFရဲဘော်တွေက ဝင်ရောက်ရှင်းလင်း၊‌လက်လုပ်သေနတ်(၁)လက်နဲ့အခြားစပ်ဆက် ပစ္စည်းတွေသိမ်းဆည်းရမိ

စက်တင်ဘာ ၂၊The Nation Voice

စစ်ကိုင်းတိုင်း၊မြင်းမူနယ်တဝိုက်မှာ စကစနဲ့ပူးပေါင်းပြီး ပြည်သူပိုင်နေအိမ်တွေကိုဖျက်ဆီးနေတဲ့ ပျူလေးဦးကို မနေ့ကညပိုင်းလောက်မှာ မဟာမိတ်ညီနောင်တွေက ဝင်ရောက်ရှင်လင်းခဲ့တယ်လို့ Nway Oo Takhon PDF ကထုတ်ပြန်ပါတယ်။

အဲ့ဒီလို မဟာမိတ်အဖွဲ့တွေက ဝင်ရောက်ရှင်းလင်းရာမှာ ပျူစောထီး(၄)ဦးအနက် (၁)ဦးလွတ်မြောက်သွားပြီး ကျန်(၃)ဦးကိုသာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

“မဟာမိတ်သုံးဖွဲ့နဲ့ ပျူလေးကောင်ကိုဝင်ဖမ်းတယ် သုံးကောင်မိပြီး တစ်ကောင်လွတ်သွားတယ် သေနက်တစ်လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ရပါတယ်”လို့ Nway Oo Takhon PDFမှ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။

ရှင်းလင်းလိုက်တဲ့ ပျူတွေဟာ မြင်းမူဘက်မှာအဓိကလှုပ်ရှားပြီး ငါန်းဇွန်ဘက်ကပျူတွေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ဆိုပါတယ်။

ရှင်းလင်းရာမှာ မဟာမိတ်အဖွဲ့တွေဘက်က ထိခိုက်မှုမရှိပေမဲ့ လုံခြုံရေးအခြေအနေတချို့ကြောင့် အပြည့်အဝမထုတ်ပြန်နိုင်သေးတာလို့ ပြောဆိုထားပါတယ်။

“ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်စကစနဲ့ ရင်ဆိုင်တိုက်ပွဲတွေလုပ်နိုင်အောင် ပြင်ဆင်နေပါတယ် စစ်အာဏာရှင်စနစ်ကြီးတစ်ခုလုံး ကျရှုံးတဲ့အထိတိုက်ပွဲဝင်သွားမှာပါခင်ဗျ အခက်အခဲတွေရှိနေတာကြောင့်ပြည်သူများအနေနဲ့လည်း ကျွန်တော်တို့အဖွဲ့ကို ကူညီစေချင်ပါတယ်”လို့ Nway Oo Takhon PDF ရဲ့တာဝန်ရှိသူတစ်ဦးက TNV ကိုပြောဆိုထားပါသေးတယ်။

Nway Oo Takhon PDF အဖွဲ့ဟာ စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး စကစကို လက်လုပ်သေနတ်တွေ ‌လက်လုပ်မိုင်းတွေနဲ့ အထိနာအောင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *