ကရင်နီပြည်၊ထီးပေါ်ဆိုကျေးရွာအနီး တိုက်ပွဲမှာ စကစဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ KNDF ထုတ်ပြန်

စက်တင်ဘာ ၃၊ The Nation Voice ကရင်နီ(ကယား)ပြည်နယ်၊ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအနီး ကင်းရှည်စွဲထားတဲ့ စကစတပ်သားတွေကို စက်တင်ဘာ (၁)ရက်နေ့က ခြုံခိုတိုက်ခဲ့ရာ စကစဘက်မှထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF(B-15)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ထီးပေါ်ဆိုကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စကစတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ (၁)ရက် နေ့လည်(၁၂)နာရီလောက်မှာ KNDF(B-15)က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ စကစဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး KNDF(B-15)က ရဲဘော်တစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်ထဲမှာတော့ စကစနဲ့ ဒေသခံပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်လျှက်ရှိပြီး စကစဘက်မှ ထိခိုက်သေဆုံးမှုတွေရှိနေသလို ဒေသခံပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက် ကျဆုံးမှုအနည်းငယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *