စက်တင်ဘာ ၃၊ The Nation Voice
မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊ရေးဆင်း-ကန့်လန့်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် မင်းအောင်ဆိုသူကို မနေ့က ရှင်းလင်းလိုက်တယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF ကထုတ်ပြန်ပါတယ်။ ပျူအဖွဲ့ဝင် မင်းအောင်ဆိုသူကို မနေ့က မနက်(၁၀)နာရီခွဲလောက်မှာ မဟာမိတ်တွေနဲ့အတူ သေနတ်ဖြင့်(၃)ချက်ပစ်ကာ ရှင်းလင်းလိုက်တာဖြစ်ပါတယ်။
နောက်နောင်မှာလည်း ငါန်းဇွန်မြို့နယ်အတွင်း စကစ လက်အောက်ခံ ပျူဒလန်တွေနဲ့ စကစဒေါက်တိုင် NON-CDM ဝန်ထမ်းတွေကို ထိရောက်စွာအရေးယူ သွားမယ်လို့ NYSGF ကဆိုပါတယ်။ အဲ့ဒီ လုပ်ဆောင်မှုကိုတော့ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF နဲ့အတူ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကအတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း စကစတပ်သားတွေ၊ပျူစောထီးအဖွဲ့ဝင်တွေနဲ့ နီးကပ်စွာမနေထိုင်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါသေးတယ်။
