ပေါက်နယ်တောင်ပိုင်းက ရွာနှစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်

စက်တင်ဘာ ၃၊ The Nation Voice

မကွေးတိုင်း၊ ပေါက်နယ်တောင်ပိုင်းက ကျေးရွာနှစ်ရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေရှိနေတဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့(SPGF)က ဒီကနေ့ စက်တင်ဘာ (၃) ရက်မှာ ထုတ်ပြန်ပါတယ်။ မနေ့ စက်တင်ဘာ (၂) ရက်က ပေါက်မြို့နယ်တောင်ပိုင်း တပ်ကုန်းရွာနဲ့ ရွာသစ်ရွာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီရဲ့ ကင်းစခန်းတစ်ခုကို SPGF နဲ့ Young Revolution Font -Y.R.F ဗိုလ်နားပေါက် တပ်ဖွဲ့၊ People’s Defence Force – Yenangyaung ၊ Pauk Revolution Fornt – P.R.F စတဲ့ မဟာမိတ်အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

” စစ်ကောင်စီ စခ နှင့် ပျူစောထီးများဘက်မှ အထိ အခိုက် အကျအဆုံးများရှိပြိးအသေးစိတ်ကိုဆက်လျှက်စုံစမ်းနေပါသည်။ ပြည်သူကာကွယ်ရေးမဟာမိတ်ညီ နောင်များမှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည် ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိမှာ SPGF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပေါက်နယ်တောင်ပိုင်းမှာရှိတဲ့ ပျူစောထီးတွေကြီးဆိုးရာကျေးရွာများမှ ကြက်သွန်၊ မြေပဲ စတဲ့ကုန်ပစ္စည်းတွေကို မြို့နယ်ပြင်ပ သယ်ယူရောင်းချတာတွေမလုပ်ကြဖို့ တားမြစ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *