ရိုဟင်ဂျာတွေကိုလူကုန်ကူးလို့ မြန်မာအမျိုးသားနဲ့ထိုင်းဇနီးသည်ကို ထိုင်းရဲဖမ်းမိ

စက်တင်ဘာ ၃၊ The Nation Voice

၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရိုဟင်ဂျာရွှေ့ပြောင်းအခြေချသူဒါဇင်ချီသေဆုံးခဲ့တဲ့ လူကုန်ကူးမှုတွေမှာပါဝင်တယ်ဆိုတဲ့ သံသယတရားခံ (၂)ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အသက် ၅၅ နှစ်ရှိနေတဲ့ မြန်မာနိုင်ငံသား မောင်သန်းထွန်းနဲ့ အသက် ၄၂ နှစ်အရွယ်ထိုင်းဇနီးသည် ရာဟာနာ ဂျာဆာမေးတို့ကို ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းဖြစ်ခဲ့တဲ့လူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ သောကြာနေ့က ဘန်ကောက်မှာ ဖမ်းမိခဲ့ပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံဆီ ရိုဟင်ဂျာတွေကိုလူကုန်ကူးဖို့ ထိုင်းနိုင်ငံကိုကြားခံအနေနဲ့အသုံးပြုနိုင်အောင် သူတို့က ဧည့်လမ်းညွှန်လုပ်ငန်းလုပ်ကိုင်နေကြတယ်လို့ ထိုင်းရဲတွေကပြောပါတယ်။ ၂၀၁၅ ခုနှစ်ကဖြစ်ရပ်မှာ ဆောင်ခလာခရိုင်၊ ဆာဒေါင်မြို့ကယာယီစခန်းတွေမှာ ရိုဟင်ဂျာအယောက် (၃၀)ကျော်ကို မြှုပ်နှံထားတာပါ။ စခန်းအများစုဟာ ထိုင်း-မလေးရှားနယ်စပ်မှာရှိပြီး ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံဆီတရားမဝင်ခေါ်ဆောင်သွားနိုင်ဖို့ ပွဲစားတွေကို စောင့်ဆိုင်းနေကြတာပါ။

ကြာသပတေးနေ့မှာ သတင်းရပြီးနောက် သူတို့ရှိတဲ့နေရာကိုသိအောင်လုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထိုင်းလက်ထောက်ရဲချုပ် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရာချိတ် ဟတ်ပန်ကပြောပါတယ်။ သူတို့ကို ဘန်ကောက်မှာဖမ်းမိခဲ့ပြီး ၂၀၁၅ ခုနှစ်ကတည်းက နာသာဝီခရိုင်တရားရုံးက အသက်မပြည့်သေးသူတွေကို လူကုန်ကူးရာမှာပါဝင်မှု၊ ထိုင်းနိုင်ငံအတွင်းတရားမဝင်ရောက်လာသူတွေကို နေထိုင်ခွင့်ပေးထားမှု၊ တခြားသူတွေကို ပြန်ပေးဆွဲထားမှု၊ ချုပ်ထားပြီးပြန်ပေးငွေတောင်းမှုတွေနဲ့ ဝရမ်းထုတ်ထားသလို ငွေကြေးခဝါချမှုနဲ့ နောက်ထပ်ဝရမ်းတစ်ခုလည်း ထုတ်ထားပါတယ်။

နောက်ပိုင်းမှာ သူတို့က ကွာလာလမ်ပူကို ကလေးတွေနဲ့ထွက်ပြေးခဲ့ပြီး မောင်သန်းထွန်းက သူ့နာမည်ကို ဇူကီဖလီ ဘင်အဗ္ဗဒူလာလို့ နာမည်ပြောင်းခဲ့သလို ဇနီးသည်ကလည်း ရိုဟာနို ဘင်တီ မက်ဆာအစ်လို့ နာမည်ပြောင်းခဲ့ပါတယ်။ သူတို့က မလေးရှားမှာလည်း ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းနဲ့ အွန်လိုင်းကနေဈေးရောင်းတာတွေလုပ်ကိုင်နေတယ်လို့ ဆူရာချိတ်ကပြောပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာတွေကိုလူကုန်ကူးမှုအတွက် ဝရမ်း (၁၅၃)ခုထုတ်ခဲ့ပြီး (၁၂၄)ဦးကို ဖမ်းမိခဲ့ကာ ၃ ဦးသေဆုံးခဲ့တယ်လို့လည်း ဆူရာချိတ်ကပြောပါတယ်။ “

နိုင်ငံအရာရှိတွေ၊ ရဲတွေ၊ စစ်သားတွေနဲ့ နိုင်ငံရေးသမားတွေက သူတို့အာဏာကိုအလွဲသုံးစားလုပ်မှုတွေပါဝင်နေလို့ ဒီဖြစ်ရပ်ဟာ အကြီးစားလူကုန်ကူးမှုဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးဖို့ ရဲတွေကို ညွှန်ကြားထားပြီး ကျူးလွန်သူတိုင်း တရားဥပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်”လို့လည်း ပြောပါတယ်။ #thenationvoicemyanmar #ထိုင်း #လူကုန်ကူး #ရိုဟင်ဂျာ

Source – Bangkok Post Photo – Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *