“တရားမျှတမှုအတွက် သက်သေပြပါ UN” ဆိုတဲ့စာတမ်းကို ရန်ကုန် UN ရုံးရှေ့မှာ ချိတ်ဆွဲ

စက်တင်ဘာ ၄၊ The Nation Voice

ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ “UN Prove Your Existence for Justice” ဆိုတဲ့ စာသား ကို ချိတ်ဆွဲခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY က ပြောပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသား ငြင်းပယ်ရေးအတွက် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ “ UN Prove Your Exsitence for Justice “ စာသားကို ယနေ့မနက်မှာ ချိတ်ဆွဲ ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မယ်လို့ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကိုလေးစားဖို့၊ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ကြဖို့အတွက်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုက တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *