မြန်မာစစ်တပ်ဂျက်ရဟတ်ယာဉ်တွေက ဘင်္ဂလားဒေ့ရှ်နယ်မြေနယ်ကျွံပြီး လက်နက်ကြီးနဲ့ ၂ ချက်ပစ်ခတ်

စက်တင်ဘာ ၄၊ The Nation Voice

စနေနေ့က မြန်မာစစ်တပ်ရဲ့ဂျက်ယာဉ်တွေကနေပစ်ခတ်တဲ့လက်နက်ကြီးကျည် ၂ ချက်ကျပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်မြို့မှာရှိတဲ့ နိုင်ခန်ချာရီခရိုင်က ဒေသခံတွေ ထိပ်လန့်ခဲ့ပါတယ်။ ရဟတ်ယာဉ် ၂ စင်း ဘင်္ဂလားဒေ့ရှ်ဘက်ကိုဝင်လာခဲ့တယ်လို့ ရဲတွေကပြောပါတယ်။ ပြီးခဲ့တဲ့တပတ်အတွင်းမှာ ဒုတိယအကြိမ်အလားတူဖြစ်ရပ်ဖြစ်တာဖြစ်ပြီး သြဂုတ် ၂၈ ရက်ကလည်း အဲဒီနယ်မြေထဲကို လက်နက်ကြီးကျည် ၂ ချက်ကျခဲ့ပါတယ်။

ဘန်ဒါဘန်မြို့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ကင်းလှည့်စောင့်ကြည့်မှုတွေအရှိန်မြှင့်တင်နေတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့တပတ်က လက်နက်ကြီးကျည် ၂ ချက်ကျပြီးနောက်တစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီလက်အောက်ခံ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာမြန်မာသံအမတ် အောင်ကျော်မိုးကို ဆင့်ခေါ်ပြီး နယ်ကျော်ပစ်ခတ်မှုတွေကို ရှုတ်ချကြောင်းပြောခဲ့ပါတယ်။

Source – The Daily Star Photo – The Daily Star

Leave a Reply

Your email address will not be published. Required fields are marked *