စက်တင်ဘာ ၆၊ The Nation Voice
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကြားကာလပညာရေးကျောင်း (၇၀) ကျော်မှာ အခန်းဆုံးစစ်ဆေးအကဲဖြတ်မှုအဖြစ် စာမေးပွဲစစ်ဆေးတာတွေ စတင်လုပ်ဆောင်နေပြီလို့ ဂန့်ဂေါမြို့ နယ် ပညာရေးဘုတ်အဖွဲ့(ယာယီ)ထံမှ သိရပါတယ်။ အဲဒီအခန်းဆုံးစစ်ဆေးမှု စာမေးပွဲတွေကို သြဂုတ် (၄) ရက်က စတင်ခဲ့တာဖြစ်ပြီး တစ်မြို့နယ်လုံးမှာရှိတဲ့ ကြားကာလပညာရေးကျောင်း (၇၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆,၀၀၀)ကျော် ဝင်ရောက်ဖြေဆိုနေတယ်လို့ ဆိုပါတယ်။
အတန်းစဥ်အလိုက် စစ်ဆေးအကဲဖြတ်မှုတွေကိုတော့ Grade(4)ကနေ Grade(11)အထိ စာမေးပွဲစနစ်နဲ့ စစ်ဆေးအကဲဖြတ်တာဖြစ်တယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။ ဂန့်ဂေါနယ်တစ်ခုလုံးမှာ ကြားကာလပညာရေးကျောင်း (၇၇)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူ (၁၁,၈၂၈)ဦးရှိပြီး CDM ဆရာ၊ ဆရာမများအပါအဝင် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမ (၁,၂၀၉)ဦးနဲ့ ပညာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။
ပညာသင်ကြားရေးနည်းစနစ်တွေကိုတော့ NUG အစိုး ရ၊ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ဂိုက်လိုင်းတွေအတိုင်း သင်ကြားပေးနေတာဖြစ်ပြီး ကြားကာလပညာရေးအောင်မြင်စေဖို့ ဆရာ၊ မိဘ၊ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး လုပ်ဆောင်ပေးနေတာဖြစ်ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။



