စစ်ကောင်စီစခန်းကို ဒရုန်းငါးစီးနဲ့ ဗုံးချတိုက်ခိုက်

စက်တင်ဘာ ၆၊ The Nation Voice

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒရုန်းငါးစီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့-ဝက်လက်က ထုတ်ပြန်ထားပါတယ်။ ယမန်နေ့ က ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစခန်းကို ဒရုန်းငါးစင်းနဲ့ (၈)ကြိမ်တိုင် မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေဘက်က စခန်းတွင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါ စစ်ဆင်ရေးကို Shwebo Dhuwan LPDF(PLA)၊ Adventure၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့-ဝက်လက်၊ DOUNG NI DEFENCE FORCE ၊ 96 Soilders၊A B R F Drone (LPDF)၊ PLA တပ်ခွဲ (၂)စု ၁၊ ဗိုလ်ရိုင် (ပကဖ)၊ မတ္တရာ (ပကဖ)၊ မီးတောက် (ပကဖ)တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အသေအပျောက်ထိခိုက်ဒဏ်ရာရမှု ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ရှိမ်းမကားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဝက်လက်နယ်အရှေ့ပိုင်းရှိ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေပြုလုပ်ခဲ့တဲ့အတွက် ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက မကြာခဏ သွားရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *