ရုရှားရောက်နေတဲ့ မင်းအောင်လှိုင်တို့အဖွဲ့ကို နိုင်ငံတော်အဆင့်အခမ်းအနားနဲ့ မကြိုဆိုခဲ့သလို သာမာန် လက်နက်ဝယ်သူတစ်ဦးလိုပဲ ဆက်ဆံခြင်းခံနေရ

စက်တင်ဘာ ၆၊ The Nation Voice

ရုရှားကို (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်-၂၀၂၂ (The 7th Eastern Economic Forum 2022) တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ မင်းအောင်လှိုင်တို့အဖွဲ့ကို ရုရှားက နိုင်ငံတော်အဆင့်အခမ်းအနားနဲ့မကြိုဆိုခဲ့သလို အစည်းအဝေးတစ်ခုပြုလုပ်ရင်တောင် သာမာန်အခန်းကျဉ်းလေးထဲမှာပဲ ပြုလုပ်ခံနေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကတော့ မင်းအောင်လှိုင်တို့အဖွဲ့ကို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လို့ သုံးနှုန်းကြေညာနေပြီး မင်းအောင်လှိုင်ကတော့ ရုရှားမှာ လုံခြုံရေးမရှိ၊ လိုက်ပါပို့ဆောင်သူအနည်းငယ်နဲ့ပဲ ရုရှားမှာ သိမ်ငယ်စွာ နေထိုင်နေရတာကို သူတို့ထုတ်ပြန်တဲ့ ဓါတ်ပုံတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရုရှားနိုင်ငံသွားရောက်စဉ်ကတော့ သမ္မတပူတင်ကိုယ်တိုင် တွေ့ဆုံခဲ့ပြီး အာဏာသိမ်းပြီးနောက် ရုရှားကို အကြိမ်ကြိမ်သွားရောက်နေတဲ့ မင်းအောင်လှိုင်ကိုတော့ ပူတင်က တစ်ကြိမ်မှ မတွေ့ဆုံခဲ့ဘဲ ဌာနတစ်ခုရဲ့ ညွှန်ကြားရေးမှူးချုပ်အဆင့်လောက်နဲ့ပဲ တွေ့ဆုံခွင့်ပေးနေတာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ မနေ့က ဗလာဒီဗော့စတော့ခ်မြိုရှိ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်၊ ဗလာဒီဗော့စတော့ခ်မြိုရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *