CDF – KKG တပ်ရင်း (၅) ကို ရွှေလက်ကောက် (၅) ကွင်း လှူဒါန်း

စက်တင်ဘာ ၆၊ The Nation Voice

စစ်အာဏာရှင်တော်လှန်ဖို့အတွက် စေတနာရှင် မိသားတစ်စုက ရွှေလက်ကောက် (၅) ကွင်းလှူဒါန်းသွားခဲ့တယ်လို့ CDF – KKG တပ်ရင်း (၅) က ထုတ်ပြန်ထားပါတယ်။ အဲဒီစေတနာရှင် မိသားတစ်စုလှူဒါန်းတဲ့ ရွှေလက်ကောက် (၅) ကွင်းရဲ့တန်ဖိုးဟာ ကာလတန်ဖိုးအားဖြင့် ကျပ် (၇၅) သိန်း တန်ကြေးရှိပြီးတော့ ရရှိလာတဲ့အလှူငွေတွေကို မောင်းပြန်တွေဝယ်ယူမယ့်နေရာမှာသုံးစွဲသွားမယ်လို့ တပ်ရင်း (၅) က အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည် လှူဒါန်းမှူတွေအပေါ် ကျေးဇူးအထူးရှိပြီး လက်နက်တပ်ဆင်နိုင်ဖို့ ထောက်ပံ့ပေးမယ်ဆို သူတို့ရဲ့အသက်ကို ပေးဆပ်ပြီး ဒီမိုကရေစီကိုအရယူမယ်လို့လည်း ပြောဆိုထားပါသေးတယ်။ “ အခုလိုပြည်သူတွေရဲ့ အင်တိုက်အားတိုက်ပါဝင်မှုက ကျွန်တော်တို့တော်လှန်ရေးသမားတွေအတွက် အရမ်းကိုလိုအပ်ပါတယ်ခင်ဗျ။ ပါဝင်ပေးကြပါ။ ကူညီပေးကြပါ။

တော်လှန်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။ တစ်ယောက်တည်း ပါဝင်နေရုံနဲ့မပြီး၊ လူတစ်စုတည်းတော်လှန်နေရုံနဲ့ ဒီတော်လှန်ရေးက ပြီးသွားမှာမဟုတ်ပါဘူးခင်ဗျ။ သွေးမအေးပဲ ခုလိုပါဝင်ကူညီပေးကြပါခင်ဗျ” CDF – KKG တပ်ရင်း (၅) က ရေးသားဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *