စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်လို့ ကော်ဘရာစစ်သည်နှစ်ဦးဒဏ်ရာရ

စက်တင်ဘာ ၇၊ The Nation Voice

ကရင်ပြည်နယ်၊ မြ၀တီ- ဝေါ်လေလမ်း သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုးဘရားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ ကော်ဘရာစစ်သည်တော်နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၅ရက် ညပိုင်းနဲ့ မနေ့က မနက်မှာလက်နက်ကြီးနဲ့ (၁၂)လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီလို ပစ်ခတ်မှုကြောင့် သဲဖြူချောင်းလမ်းဆုံနဲ့ နေရာတချို့ကိုလက်နက်ကြီးကျည်ကျရောက်ကာ ကော်ဘရာစစ်သည် (၂)ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။

ကော်ဘရာစစ်ကြောင်းနဲ့စစ်ကောင်စီတပ်ဟာ မြ၀တီ ဝေါ်လေလမ်းအနီးတဝိုက်မှာတိုက်ပွဲတွေဆက်တိုက်လိုလိုဖြစ်နေတာ(၂)လကျော်ပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ကူရယူပြီးထိုးစစ်ဆင်တာတွေ မကြာခဏလုပ်ဆောင်ခဲ့လို့တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *