စက်တင်ဘာ ၇၊ The Nation Voice
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီလက်ရာ ဆန်ရေ ပရော့ဂျက် (Project Upstream) ကို ဩဂုတ်လ(၂၅)ရက်က စတင်ကာ လက်မှတ်တွေ ရောင်းချခဲ့တာဖြစ်ပါတယ်။ ရောင်းချမှုကို စက်တင်ဘာလ (၅)ရက်နေ့ western time နေ့လယ် (၁၂)နာရီမှာ ပိတ်သိမ်းခဲ့ပြီဖြစ်ကာ ဒီကနေ့ စက်တင်ဘာလ (၇)ရက်နေ့မှာတော့ ကံထူးရှင်ကို ကိုထိန်လင်း ကိုယ်တိုင် ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
ဆန်ရေပရော့ဂျက်ဟာ ကိုထိန်လင်းတတ်မြောက်ကျွမ်းကျင်တဲ့ လက်သမားပညာနဲ့ ပုံဖော်ဖန်တီး ထားတဲ့ သစ်ထွင်းပန်းချီလက်ရာဖြစ်ကာ တစ်စောင်ကို USD 100 နှုန်းနဲ့ ရောင်းချခဲ့ကာ ရရှိတဲ့ ငွေတွေအားလုံးကို မြန်မာပြည်ရဲ့ အရေးကြီးတဲ့ တော်လှန်ရေးအခြေအနေအတွက် ပြန်လည်လှူဒါန်းသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ပြည်သူ့ရှေ့ကို ရောက်လာခဲတဲ့ ကိုထိန်လင်းကိုယ်တိုင် ပါဝင်မယ့် ပွဲဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုပေးကြဖို့ကိုလည်း တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုက ပြောကြားထားပါတယ်။



