ပုလဲမြို့ကနေ ထွက်ခွာလာတဲ့စကစ စစ်ကြောင်းကို ကံကြီးကျေးရွာမှာ ဒေသခံပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်

စက်တင်ဘာ ၇၊ The Nation Voice

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ကနေ ကံကြီးကျေးရွာဘက်ကို ထွက်ခွာလာတဲ့ စကစ စစ်ကြောင်းကို နှစ်ဆင့်ကွဲ ရှေ့ထွက်မိုင်းတွေနဲ့စက်တင်ဘာ(၆)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပုလဲမြို့နယ်ကနေထွက်ခွာလာတဲ့ အင်အား(၁၃၅)ဦးခန့်ပါ စကစစစ်ကြောင်းဟာ စစ်ကြောင်း(၃)ကြောင်း ခွဲပြီး ဖြန့်ထွက်လာကြစဉ် ကံ‌ကြီးကျေးရွာနား အရောက်မှာ ဒေသခံပူးပေါင်းတပ်တွေက အသင့်စောင့်ဆိုင်း ပြင်ဆင်ထားတဲ့ အင်အားပြင်းနှစ်ဆင့်ကွဲရှေ့ထွက်မိုင်းတွေနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိနာသွားတဲ့ စကစတပ်တွေဟာ အနီးနားကျေးရွာက ပြည်သူ့ပိုင်နေအိမ်တွေထဲသို့ ဝင်ရောက်ပြီး ဒဏ်ရာရနေတဲ့စကစတပ်သားတွေကို ပုဆိုး၊တဘက်တို့နဲ့ ဒဏ်ရာတွေကို စည်းနှောင်ပြီး ထမ်းပိုးသွားကြောင်း နယ်မြေခံတွေပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာသွေးအိုင် တော်တော်များများတွေ့ရှိခဲ့တာကြောင့် ဒဏ်ရာရရှိတာကို အထည်ပြုနိုင်ခဲ့တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နဲ့အတူ ယင်းမာပင်ခရိုင်တပ်ရင်း (၁၁)၊ပုလဲတပ်ရင်း (၅)တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *