စက်တင်ဘာ ၇၊ The Nation Voice
ကရင်ပြည်နယ်၊မြဝတီ-ကော့ကရိတ်(အာရှလမ်း) တစ်နေရာမှာ ဆက်ကြေးကောက်ခံနေတဲ့ စကစတပ်သားတွေကို မနေ့က မနက်အစောပိုင်းလောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစဘက်က တပ်မ (၂၂) လက်အောက်ခံ ခလရ (၈၁)ရဲ့ စစ်ကြောင်းမှူးတစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးသွားပြီး တပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ ကျားသစ်နက်စစ်ကြောင်းက သေနတ်သွားကောက်စဉ် စကစတပ်သားတွေရဲ့ပြန်လည် ပစ်ခတ်မှုကြောင့် သေနတ်တစ်လက်ကိုကျည်ဆံထိမှန်ခဲ့ယုံမှအပ ထိခိုက်မှုတစ်စုံတစ်ရာမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှု ဖြစ်စဉ်အပြီးမှာ စကစဘက်က အနီးအနားဒေသခံကျေးရွာတွေကို (၁၂၀)မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် ထီးမူးထရွာအတွင်း (၁၂၀) မမ လက်နက်ကြီးကျည် သုံးလုံးကျရောက်ပေါက်ကွဲခဲ့ကာပြည်သူ့နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပြီး ရွာသားတစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒါဏ်ရာနဲ့ နွားတစ်ကောင် ထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#thenationvoicemyanmar #ကျားသစ်နက်စစ်ကြောင်း #မြဝတီ #ကော့ကရိတ် #အာရှလမ်း








