ဆန်ရေ ပရော့ဂျက် ရဲ့ သစ်ထွင်းပန်းချီကားကို လက်မှတ်နံပါတ် (08684) က ကံထူး

စက်တင်ဘာ ၈၊ The Nation Voice

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ရေးဆွဲတဲ့ ပန်းချီကားကို မဲဖောက်ပေးတဲ့ ဆန်ရေ ပရော့ဂျက်မှာ ကံစမ်းမဲ လက်မှတ်နံပါတ် (08684) ပိုင်ရှင်က ကံထူးသွားခဲ့ပါတယ်။ ကံထူးရှင် ရွေးချယ်ပွဲကို စက်တင်ဘာလ (၇)ရက်နေ့ ည(၈)နာရီက ကိုထိန်လင်းကိုယ်တိုင် မဲနှိုက်ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လ ာ (၁.၇)သန်းတန် ဆန်ရေ ပရော့ဂျက်ရဲ့ သစ်ထွင်းပန်ချီကားကို ကံထူးသွားသူက မဇင်မာထွန်းဖြစ်ပြီး USA က လက်မှတ်ရောင်းချသူ မမြတ်မိုးဆီမှာ ဝယ်ယူသူက ကံထားသွားတာဖြစ်ပါတယ်။ မဇင်မာထွန်းအနေနဲ့ အခုလို ကံစမ်းမဲနဲ့ပတ်သက်ပြီး ပါဝင် အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

ဆန်ရေ ပရော့ဂျက် (Project Upstream) ကို ဩဂုတ်လ(၂၅)ရက်ကနေ စက်တင်ဘာလ (၅)ရက်အထိ ကံစမ်းမဲလက်မှတ်တွေ ရောင်းချပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ (၇)ရက်နေ့ ည(၈)နာရီမှာ ကံထူးရှင်ကို ကိုထိန်လင်းကိုယ်တိုင် ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆန်ရေပရော့ဂျက်ဟာ ကိုထိန်လင်းတတ်မြောက်ကျွမ်းကျင်တဲ့ လက်သမားပညာနဲ့ ပုံဖော်ဖန်တီး ထားတဲ့ သစ်ထွင်းပန်းချီလက်ရာဖြစ်ကာ တစ်စောင်ကို USD 100 နှုန်းနဲ့ ရောင်းချခဲ့ပြီး( ၁.၇)သန်းအထိ အလှူငွေရရှိပါတယ်။ ရရှိတဲ့ ငွေတွေအားလုံးကို မြန်မာပြည်ရဲ့ အရေးကြီးတဲ့ တော်လှန်ရေးအခြေအနေအတွက် ပြန်လည်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *