စစ်ကိုင်းကနေ မုံရွာဘက်ကိုထွက်လာတဲ့ စကစယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊စကစအဖွဲ့ဝင်(၆)ဦးသေဆုံး

စက်တင်ဘာ ၉၊The Nation Voice

စစ်ကိုင်းတိုင်း၊မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မုံရွာကိုထွက်ခွာလာတဲ့ (၈)စီးပါ စကစယာဉ်တန်းကို မနေ့က ပဒေသာမိုင်းတွေနဲ့ မိုင်း‌ဆွဲတိုက်ခိုက်ခဲ့တယ်လို့ People ‘s Defence Force -South Monywa ကထုတ်ပြန်ပါတယ်။ (၈)စီးပါ စကစယာဉ်တန်းရဲ့ (၇)စီးမြောက်ကားကို ပဒေသာမိုင်း(၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီကားပျက်စီးသွားပြီး ထိုးရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စကစအဖွဲ့ဝင်တွေ မိုင်းစထိမှန်ပြီး နေရာမှာတင်(၆)ဦး ပွဲခြင်းပြီး သေဆုံးသွားကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စကစတပ်သားတွေဘက်ကလည်း အနီးဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပေမဲ့ PDF-South Monywa ရဲ့ ရဲဘော်တွေ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *