စက်တင်ဘာ ၉၊ The Nation Voice
မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး (၂၀) ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီသတင်းအရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ (၈) ရက်က မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ရွာကနေတစ်ဆင့် မိုးဗြဲမြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် ကို ကရင်နီတပ်တွေဖြစ်တဲ့ မိုးဗြဲ PDF၊ KA၊ KNDF၊ KRU နဲ့ URF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲကလည်း ပြင်းထန်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ငယ် (၁၀) လက်လောက်ကို သိမ်းဆည်းရမိခဲ့သလို ၆၀ မမ လက်နက်ကြီး ကျည် အလုံး (၃၀) ကျော်၊ RPG အဖူး (၁၀) လုံး၊ ၄၀ မမ ဗုံးသီး (၁၀) လုံးကျော်၊ ကျည်ဆံနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ပါတယ်။
တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီက ဖယ်ခုံမှတဆင့် မိုးဗြဲကို မနေ့က ညတွင်းချင်း အင်အားဖြည့်တင်းနေကြောင်း သိရပါတယ်။

