စက်တင်ဘာ ၉၊ The Nation Voice
စင်ကာပူနိုင်ငံကဆက်သွယ်ရေးနှင့်အီလက်ထရောနစ်လုပ်ငန်း Nine Communications Pte. Ltd ဆီ မြန်မာနိုင်ငံက အူရီဒူးဆက်သွယ်ရေးလုပ်ငန်းကို အမေရိကန်ဒေါ်လာ (၅၇၆) သန်းနဲ့ရောင်းချလိုက်တယ်လို့ ကာတာအခြေစိုက်အူရီဒူးလုပ်ငန်းက ကြာသပတေးနေ့မှာအတည်ပြုပါတယ်။
လုပ်ငန်းတန်ဖိုးဒေါ်လာ (၅၇၆) သန်းနဲ့ ရှယ်ယာတန်ဖိုး ဒေါ်လာ(၁၆၂)သန်းတို့ကိုပေးချေရမှာဖြစ်ပြီး အခုတော့ မြန်မာဆက်သွယ်ရေးလုပ်ငန်းစည်းကမ်းထိန်းသိမ်းရေးဘက်က ခွင့်ပြုချက်အပါအဝင် လုပ်ထုံးလုပ်နည်းတွေကို လိုက်နာနေတယ်လို့လည်း ကုမ္ပဏီဘက်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာစတင်လုပ်ငန်းဆောင်ရွက်ခဲ့တဲ့အူရီဒူးဟာ မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ နောက်ဆုံးနိုင်ငံခြားသားပိုင်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်ပါတယ်။
