စက်တင်ဘာ ၉၊ The Nation Voice
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ဆီကနေ လက်နက် သုံးလက်ယူပြီး လာအပ်တဲ့ ရွာသားတစ်ဦးကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ဆုကြေးငွေ ပေအးပ်ခဲ့ပါတယ်။ KNU ဖာပွန်(မူတြော်)ခရိုင် မထောကျေးရွာက ရွာသား တစ်ဦးဟာ BGF မှာ တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခြင်းခံထားရတဲ့ သား (၂)ဦးကို သွားခေါ်တာမှာ လိုက်မလာလို့ လက်နက်တွေ ယူလာခဲ့တာလို့ စက်တင်ဘာ ၈ရက်ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလက်နက်တွေကတော့ AR တစ်လက်၊ G-3 တစ်လက်၊ ကာဘိုင် တစ်လက် နဲ့ ကျည်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို လက်နက်တွေအပ်နှံခဲ့သူကို ကျပ်သိန်း(၄၀)ပေးအပ်ခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။ BGF တပ်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတာကြောင့် စစ်ကောင်စီနဲ့ BGF တွေကို KNU တပ်မဟာ(၅)က တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပါတယ်။



